မင်းတုန်း မေ ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်ရှိ လူနေအိမ်များနှင့် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီက ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပိုးလောက်လမ်းမှတဆင့် ခြင်များမပေါက်ဖွားစေရေးအတွက် ရေအိုး ရေကန်များ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ မိဘပြည်သူများကို အသိပညာပေးဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)