မြို့သစ် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေနှမ်းစိုက်ပျိုးရန် (၁၈၈၁)ဧက လျာထားရာ (၄၀၉၂)ဧကအထိ ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့သစ်မြို့နယ်တွင် တောင်သူများ နွေနှမ်းစိုက်ပျိုးရာတွင် ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် နတ်မောက်ဆည်ရေလှောင်တမံမှ (၁၂၆၇) ဧက၊ ပုလင်းဆည်ရေလှောင်တမံမှ (၄၀) ဧက၊ စွန်ဆည်ရေလှောင်တမံမှ (၁၅၄၂)ဧက၊ ဆဒ္ဒန်ဆည်ရေလှောင်တမံမှ (၁၂၄၃)ဧက စုစုပေါင်း (၄၀၉၂)ဧကအထိ ရေပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် နွေနှမ်းစိုက်ပျိုးရာသီ၌ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များစိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်ဖြင့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသည့် နည်းစနစ်မှန်ကန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ လိုအပ်သည့် နည်းပညာပေးခြင်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)