ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းများ ဆောင်ရွက်

ရွှေပြည်သာ မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၄)လမ်းနှင့် အောင်ချမ်းသာလမ်းဆုံတို့တွင် MORS Activity (ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံအထောက်အကူပြုအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆောင်ရွက်ရာတွင် MORS Activity မှ အတွင်းရေးမှူး ဦးမင်းဇော်ဖေနှင့် အဖွဲ့ဝင်များ၊ အမှတ်(၆၅)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုရဲမှူး ဇော်ဇော်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စွာထက်နှင့် ဝန်ထမ်းများ၊ Volunteer ကျောင်းသား/သူများက အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဟောပြောခြင်း‌များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)