နတ်မောက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က နတ်မောက်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာရေးကျောင်း (၂၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၁၀)ကျောင်း၊ စုစုပေါင်း (၂၂၂)ကျောင်းတို့မှ မူလတန်းနည်းပြ ဆရာ၊ ဆရာမများနှင့် မူလတန်းအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း (၁၅၀)ဦး၊ အလယ်တန်းနည်းပြ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမ စုစုပေါင်း (၂၅၂) ဦးတို့ တက်ရောက်ဆွေးနွေးဆောင်ရွက်လျက်ရှိပြီး ဆွေးနွေးပွဲကို မေ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း