ပင်းတယမြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာ စိုက်ထူ

ပင်းတယ မေ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာများစိုက်ထူခြင်းကို ယမန်နေ့နံနက်တွင် ပင်းတယမြို့နယ်ရှိ သတ်မှတ်နေရာအသီးသီးတွင် စိုက်ထူဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့မြေစိုက်ပိုစတာစိုက်ထူခြင်းဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြေစိုက်ပိုစတာများအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြကြောင်းနှင့် ပင်းတယမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ ဇွန် (၁)ရက်နေ့ထိ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)