ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ဒဂုံတောင် မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၆၃ ရပ်ကွက်၊ ပန်းခြံလမ်းရှိ KBA ဆိုးပြားစက်ရုံ အကျယ်အဝန်း (၁၅x၄၅) ပေ၊ အုတ်ညှပ်(၂)ထပ် အဆောက်အဦရှိ (၁၅x၃၀) ပေ နောက်အဖီတွင် ယနေ့နံနက် ၁ နာရီ ၃၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ၆၃ ရပ်ကွက်၊ ပန်းခြံလမ်းရှိ AKB ဆိုးပြားစက်ရုံ အကျယ်အဝန်း (၁၅x၄၅) ပေ၊ အုတ်ညှပ်(၂)ထပ်ရှိ (၁၅x၃၀) ပေတွင် ရာဘာစက်မှထွက်ရှိသည့် ရာဘာပြားများ ထပ်ထားရာမှ အောင်းပူဖြစ်ပြီး မီးစတင်လောင်ကျွမ်းရာမှ မီးလောင်မှုဖြစ်ပွားရာ ကနဦးအနေဖြင့် အနီးရှိရပ်ကွက်နေပြည်သူများက 3 Kg မီးသတ်ဆေးဘူး (၂) ဘူးဖြင့် ဝိုင်းဝန်းငြိမ်းသတ်ကြကြောင်းနှင့် မီးလောင်ရာနေရာသို့ ဒဂုံမြို့သစ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီး၏ ကွတ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင် (၁၁၀) ဦး၊ အရန်တပ်ဖွဲ့ဝင် (၆၄) ဦး၊ စုစုပေါင်း (၁၇၄)ဦးတို့က မီးငြှိမ်းသတ်ယာဉ်(၁၃)စီး၊‌ ရေသယ်ယာဉ် (၈)စီး၊ ကွတ်ကဲမှုယာဉ် (၁)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ရာ နံနက် ၂ နာရီ ၆ မိနစ်တွင် မီးထိန်းနိုင်ပြီး ၂ နာရီ ၁၃ မိနစ်တွင် မီးငြိမ်းသွားကြောင်း သတင်းရရှိသည်။

မီးလောင်မှုကြောင့် အဆောက်အဦနှင့် အတွင်းပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်နှစ်ဆယ်သိန်းရှိပြီး လူနှင့်တိရစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှု မရှိ‌ကြောင်းနှင့် တာဝန်ရှိသူအား အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

သန်းသန်းအေး