မိုင်းဖြတ် မေ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးဖွင့်လှစ်သည့် ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(မိုင်းဖြတ်)၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဒေါ်မာလာယော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ သင်းတန်းတွင် ဆွေးနွေးပို့ချမည့်သင်ခန်းစာများကို မိတ်ဆက်ဆွေးနွေးခဲ့သည်။ ထို့နောက် နည်းပြဆရာများက သင်ခန်းစာခေါင်းစဥ်အလိုက် စာတွေ့ဆွေးနွေးခြင်း၊ လက်တွေ့သင်ကြားခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ ရှေးဦးပြုစုရခြင်း၏ ရည်ရွယ်ချက်၊ လူနားအား ဆန်းစစ်ပုံအဆင့်ဆင့်၊ စနစ်တကျပတ်တီးစည်းနည်းများနှင့် လူနာသယ်ဆောင်နည်းများကို စာတွေ့၊ လက်တွေ့ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား (၃၀)ဦး တက်ရောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)