ပုသိမ်မြို့၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေနှင့် ဆန်ပေးအပ်

ပုသိမ် မေ ၁၉

အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေနှင့် ဆန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ် စုပေါင်းရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက  အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ဆန်များအား ထောက်ပံ့ငွေပေးအပ်မှု စိစစ်ရေးအဖွဲ့ခေါင်းဆောင်များထံသို့ ပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေနှင့်ဆန်များအား ထောက်ပံ့ငွေပေးအပ်မှု စိစစ်ရေးအဖွဲ့များက တာဝန်ကျရာရပ်ကွက်၊ ကျေးရွာများသို့သွားရောက်၍ ကာယကံရှင်များ၏ လက်ဝယ်အရောက် ပေးအပ်လျက်ရှိ​ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)