အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပျောက်ကင်း၍(၉)ဦးဆင်းခွင့်ရ

အုတ်ဖို  ဒီဇင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ၍ ဆေးကုသမှုခံယူနေသူများ အနက်မှ ဦးအား ဒီဇင်ဘာလ ရက်နေ့ မွန်းလွဲပိုင်းက ဆေးရုံ ဆင်းခွင့် ပြုခဲ့ကြောင်းသိရသည်။

ဆေးရုံဆင်းခွင့်ရသူများအား မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ Sister ဒေါ်တင်မိုးထွေးက ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာများ ပေးအပ်ပြီး မိမိတို့နေအိမ်တွင် နေထိုင်ရမည့် စည်းကမ်းချက်များကို မှာကြားကာ စေတနာ့ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို အလှူရှင်များကိုယ်စား ထောက်ပံ့ပေးအပ်ခဲ့ကြ သည်။

အုတ်ဖိုမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၁၃၆)ဦး ရှိရာ (၁၁၅) ဦးမှာ ဆေးရုံ ဆင်းခွင့်ရရှိခဲ့ပြီး မြို့နယ် ပြည်သူ့ဆေးရုံတွင် (၂၁)ဦး ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

အောင်သူ(အုတ်ဖို)