မြောက်ဥက္ကလာပ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စံပြ(ဂ)ရပ်ကွက် ၊ ဥက္ကာ ၂ လမ်း ၊ ဝါတွင်း အင်္ဂါပါတ် မြတ်ဒါန သာသနာ့ဗိမ္မာန်တွင် ဗီယက်နမ်နိုင်ငံမှ သာသနာ့ပြုဆရာ တော်ကြီးအား အမှူးထား၍ ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် အဆိုပါ သာသနာ့ဗိမ္မာန် ရှေ့တွင် ထမင်းဘူးများ လှူဒါန်းဖြန့် ဝေပေးခဲ့ကြသည်။
ထိုသို့ ထမင်းဘူးများ လှူဒါန်းဖြန့်ဝေပေးရာတွင် ဗီယက်နမ်နိုင်ငံမှ သာသနာ့ပြုဆရာ တော်ကြီးအားအမှူးထား၍ အလှူရှင်များဖြစ်သော ဦးညွန့်ရွှေ ၊ ဒေါ်မခိုင်ခိုင်၀င်း ၊ ဒေါ် မမြင့်မြင့်စိုး မိသားစု ၊ ဒေါ်မော်မော်မြင့် နှင့် မြတ်ဒါန ဓမ္မာရုံ ဂေါပက အဖွဲ့မှ စုပေါင်း၍ ကြက်သားဆီပြန် နှင့် အစိမ်းကြော်ထမင်းဘူး လူဦးရေ သုံးရာစာ ၊ ဆန်နို့စီ လေဗူး ပါ တစ်ထုပ်စီ လူဦး ရေ တစ်ရာစာ ၊ကြက်ဥ ၅ လုံးပါ တစ်ထုပ်စီ လူဦး ရေ ၈၀ စာ စုစု ပေါင်း လူဦး ရေ ၄၈၀ စာအတွက် လှူဒါန်းဖြန့် ဝေပေးခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး