ဖြူးမြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်း​ဆေးရုံ၌ အအေးမိနှာစေးရောဂါ​အကြောင်း စာတမ်းဖတ်ပွဲပြုလုပ်

ဖြူး မေ ၁၈

တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေး အစီအစဉ်(CTME) အအေးမိနှာစေးရောဂါ​အား ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးဖြင့် ကုသခြင်းအားလေ့လာခြင်းစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်၊ ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီက ဆောင်ရွက်ပြီး အအေးမိနှာစေးရောဂါ​အား ဆေးနံ့သာတုပ်ကွေး အဖျားပျောက်ဆေးဖြင့် ကုသခြင်းအားလေ့လာခြင်းစာတမ်းကို  ဖြူးမြို့နယ်(၁၆)ခုတင်ဆံ့တိုင်းရင်း​ဆေးရုံမှ ဒုတိယတိုင်းရင်း​ဆေးမှူး ​ဒေါ်ဇင်မင်းထွန်းမှ ဖတ်ကြားသည်။

ထို့နောက် တက်ရောက်ခဲ့ကြသည့် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်အတွင်းရှိ (၁၆)ခုတင်ဆံ့တိုင်းရင်းဆေးရုံများ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများ၊ ဖြူးမြို့နယ်တိုင်းရင်းဆေးဆရာများအသင်းမှ ဆရာ/ဆရာမများက အအေးမိနှာစေးရောဂါ​နှင့် ပတ်သက်ပြီး ဝိုင်းဝန်းအကြံပြု​ဆွေး​နွေးကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)