ကျောက်ကြီးမြို့နယ်၌ အခြေခံ ချည်ထိုး/ပန်းထိုး သင်တန်းဖွင့်လှစ်

ကျောက်ကြီး မေ ၁၈

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်ကစတင်ပြီး အခြေခံချည်ထိုး/ပန်းထိုးသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား ကျောင်းသူများ အသက်မွေးဝမ်းကျောင်းပညာတစ်ခုအနေဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသားလူငယ်များ မြို့နယ်ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများမှ အခြခံ ချည်ထိုး/ပန်းထိုးသင်တန်းအတွက် လိုအပ်သည့် သင်တန်းအထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုးကာ သင်တန်းနည်းပြ ဒေါ်ရတီဦးက သင်တန်းသား (၁၀)ဦး ကို ၁၈-၅-၂၀၂၅ ရက်နေ့မှ ၂၀-၅-၂၀၂၅ ရက်နေ့အထိ၊ သင်တန်းကာလ (၃)ရက်တိတိ နံနက် ၉နာရီ၃၀ မိနစ်မှ နေ့လယ် ၁၂ နာရီအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)