ညောင်လေးပင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည်အသွေး ပိုမိုထိရောက်စေရန် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ခွဲ) အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် သင်ယူမှုအရည် အသွေး ပိုမိုထိရောက်စေရန် အလယ်တန်းအဆင့်နည်းပြ ဆရာ၊ ဆရာမ (၃၀) ဦးတို့က အလယ်အဆင့်ဆရာ၊ ဆရာမ (၄၆၀) ဦးကိုလည်းကောင်း၊ မူလတန်းအဆင့် နည်းပြဆရာ/ဆရာမ (၄၆) ဦးတို့က မူလတန်းအဆင့် ဆရာ၊ ဆရာမ (၆၁၅) ဦးတို့အား လည်းကောင်း အ.ထ.က(ခွဲ)အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် မေလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ရက်ကြာသင်တန်း ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)