ညောင်လေးပင် မေ ၁၈
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲပြုလုပ်ခြင်းတို့ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကလေးအလုပ်သမား ဘယ်လိုပေါ်ပေါက်လာသည်ဆိုသည့် အကြောင်းအရာများ၊ ကလေးအလုပ်သမားများကို မည်သို့ဖြေလျှော့ရမည့် နည်းလမ်းများအကြောင်း၊ ကလေးအလုပ်သမားများ၏ လုပ်ငန်းခွင်အန္တရာယ်များအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အကြောင်းအရာတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကျင်းပရာ မူလတန်းဆင့် ကျောင်းသူ ၊ ကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်သည့် ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူ အသီးသီးက ဆုများချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသားများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များဖတ်ရှုစေခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာပေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ဖတ်ရှုစေခြင်းတို့ပြုလုပ်ခဲ့ရာ ကျောင်းသားကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ ဆက်)