အင်္ဂပူမြို့တွင် အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်

အင်္ဂပူ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အ-ထ-က(အင်္ဂပူ) ငုရွှေဝါခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံပညာအလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်မှ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲပြု လုပ်ရခြင်းနှင့် ပတ်သက်သည်များအားရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆွေးနွေးပွဲတက်ရောက်သည့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ဘာသာရပ်ဆွေးနွေးနေမှုများအား ကြည်ရှုအားပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်နှင့်ပညာရေးဝန်ထမ်းများ၊ နည်းပြများ၊ ဆရာ၊ ဆရာမ တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို မေ-၁၈ ရက်နေ့မှ မေ-၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး မူလတန်းသင် ဆရာ၊ ဆရာမ၁၀၅၉-ဦး၊ အလယ်တန်းသင် ဆရာ၊ ဆရာမ ၃၀၁-ဦး စုစုပေါင်း ဆရာ၊ ဆရာမ ၁၃၆၀ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)