ဒေးဒရဲ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌ (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာကို ယနေ့ နံနက်ပိုင်းက ဒေးဒရဲတံတားလမ်းမရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် စုပေါင်းစိုက်ထူခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး ကျောင်းနေအရွယ် ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်အပ်နှံကြပါစို့ ခေါင်းစဥ်ပါ မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဒေးဒရဲမြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade-12)အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အေဇာလင်း (ပြန်/ဆက်)