မင်းလှမြို့၌ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ပြုလုပ်

မင်းလှ  မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို အ.ထ.က မင်းလှ(မြို့ပြင်) ကျောင်း၌ မေလ ၁၈ ရက် နံနက် ၉ နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။

မူလတန်းအဆင့်ဆွေး‌‌နွေးပွဲတွင် မူလတန်းကျောင်းအုပ်ဆရာကြီး ဆရာမကြီး (၄၂) ဦးက နည်းပြအဖြစ်ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိအခြေခံပညာ (၁၅၅) ကျောင်းနှင့် ဘ/က (၄) ကျောင်း စုစုပေါင်း(၁၅၉) ကျောင်းမှ မူလတန်းအဆင့်ဆရာ ဆရာမများ (၆၁၆) ဦး တတ်ရောက်ပြီး၊ အလယ်တန်းအဆင့်ဆွေး‌‌နွေးပွဲတွင် အလယ်တန်းပြဆရာ/ ဆရာမ (၁၂) ဦးက နည်းပြအဖြစ် ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ (၄၈) ကျောင်းနှင့် ဘ/က (၂)ကျောင်း စုစုပေါင်း (၅၀) ကျောင်းမှ အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ (၉၆) ဦး တတ်ရောက်ဆွေးနွေး ဆောင်ရွက်လျက်ရှိသည်။

ဆွေးနွေးပွဲကို မေလ (၁၈) ရက်မှ (၂၀) ရက်နေထိ နံနက် (၉) နာရီမှ ညနေ (၄) နာရီချိန်ထိ KG မှ Grade-4၊ Grade-6မှ Grade-8 ထိ ဘာသာရပ်များကို ဆွေးနွေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချို၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးနှင့် ဝန်ထမ်းများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)