ငပုတောမြို့နယ်၌ မြို့နယ်အဆင့် အလယ်တန်းနှင့် မူလတန်းဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

ငပုတော မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်အဆင့်အလယ်တန်းနှင့် မူလတန်ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်‌ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲလင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

‌အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆွေးနွေးပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်သူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မိုးမိုးအေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့  အလယ်တန်းသင်တန်းသား ၊ သင်တန်းသူ ( ၄၁၅)ဦး၊  နည်းပြ (၄၄ ) ဦးတို့က ဆွေးနွေး‌ပို့ချသွားမည်ဖြစ်ပြီး မူလတန်းအဆင့်တွင် သင်တန်းသား၊ သင်တန်းသူ (၁၂၆၉)ဦးအား သင်တန်းနည်းပြ (၈၆) ဦးတို့က မေလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ  သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)