စေတုတ္တရာ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မုန်းတမံ (၄)မိုင်လမ်းခွဲမှ (၁)မိုင်၆ဖာလုံ ကားလမ်းဘေးတွင် ယနေ့နံနက် ၈ နာရီ အချိန်က မိုးရာသီ (အကြို) သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပွဲကို သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစွမ်းထက်ကို ဦးဆောင်၍ ဝန်ထမ်းများမှ ပျိုးပင်များ ဖြန့်ဝေပေးခဲ့ပြီး လူအင်အား (၅၀) ကျော်မှ သစ်ပင်များအား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။ ပါဝင်သော ပျိုးပင်များမှာ ကျွန်း(၂၀၀)ပင်၊ ပျဥ်းကတိုး(၁၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၃၀၀)ပင် စိုက်ပျိုးခဲ့ပြီး ဗန်ဒါ (၅၅)ပင်၊ စစ်(၁၀၀)ပင်၊ပိတောက်(၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ စုစုပေါင်း ပျိုးပင်ပေါင်း(၆၀၀)ပင်အား ဖြန့်ဝေပေးခဲ့ ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)