လှိုင်းဘွဲမြို့၌  အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပ

လှိုင်းဘွဲ မေ ၁၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်း ကျောင်း ပန်းဝတ်မှုံခန်းမ၌ ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက အခြေခံပညာအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို အခြေခံပညာ အထက်တန်းကျောင်း၌ ဦးဆောင်ဆွေးနွေးသူ နည်းပြ ဆရာ၊ ဆရာမ(၂၈)ဦး၊ ဆွေးနွေးကြမည့် ဆရာ၊ ဆရာမ (၄၂၃) ဦးတို့ဖြင့် မူလတန်းအဆင့် KG တန်းမှ Grade-4  အထိ အတန်းလိုက် သင်ကြားပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး  အလားတူ အခြေခံပညာ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲကို လှိုင်းဘွဲမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ဦးဆောင်ဆွေးနွေးသူ နည်းပြ ဆရာ၊ဆရာမ (၁၂)ဦး၊ ဆွေးနွေးကြမည့် ဆရာ၊ဆရာမ(၁၄၅)ဦးတို့ဖြင့် Grade-6 မှ Grade-9 အထိ သင်ကြားပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲကို မေလ (၁၈)ရက်နေ့မှ မေလ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူးရုံးထံမှ သိရသည်။

စောဒိ (ပြန်/ဆက်)