ဖျာပုံမြို့၌ ဧရာဝတီပေါ်ဆန်းနှင့် ဆန်းစပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ဖျာပုံ မေ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊MRF ဒေသကော်မတီ (၅)နှင့် ဖျာပုံခရိုင် (၄) မြို့နယ်မှ တောင်သူများသည် ဧရာဝတီပေါ်ဆန်းနှင့် ဆန်းစပါးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲကို မေလ  (၁၇) ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပြုလုပ်သည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်တို့မှ ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ မုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခြင်း၊ ဖျာပုံခရိုင်အတွင်း ဒေသအလိုက် ထွက်ရှိသော ပေါ်ဆန်းဆန်နှင့် စပါးများခင်းကျင်းပြသမှုတို့အား လှည့်လည်ကြည့်ရူခဲ့ကြပြီး "ဧရာဝတီတိုင်းဒေသကြီး၊ ပေါ်ဆန်းဖိုရမ် ၂၀၂၅ ၏ ရှေ့ဆက်မည့်ခရီး ဖျာပုံခရိုင်(၄)မြို့နယ် ပူးပေါင်းဆောင်ရွက်သည့် ဧရာဝတီပေါ်ဆန်းနှင့် ဆန်စပါး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စိုက်သူ၊ ကြိတ်သူ၊ ရောင်းဝယ်သူတို့ တွေ့ဆုံဆွေးနွေးပွဲနှင့် ငလျင်ဘေးသင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ သစ်တောနှင့်သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဖျာ​ပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်ပါ (၅) ဦး၊ ဆန်ကုန်သည် (၂၀) ဦး၊ ဆန်စက်လုပ်ငန်းရှင် (၂၀) ဦး၊ ဖျာပုံမြို့နယ်မှတောင်သူများ စုစုပေါင်းအင်အား (၃၅၄) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်းမှ ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်မှ ဆွေးနွေးပွဲတွင် ဆွေးနွေးကြမည့်အကြောင်းအရာများနှင့် ရေရှည်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးတင်ပြပြီး၊MRF ဒေသကော်မတီ (၅) ဥက္ကဋ္ဌ ဦးသောင်းဝင်းက ငလျင်ဘေးသင့်ဒေသများအတွက် အလှူငွေကျပ်သိန်း (၁၀၀) အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)