ဖျာပုံမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Dram Seeder) ပေးအပ်ပွဲ ကျင်းပ

ဖျာပုံ မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အောက်ကွင်းကျေးရွာတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အောက်ကွင်းကျေးရွာ၊ အောက်ကွင်းကြီးမျိုးသန့်ခြံ၊ တောင်သူဦးမျိုးသန့်ပိုင် ကွင်းအမှတ်(၄၃၉-A)၊ ဦးပိုင်အမှတ် (၁၄/၁)၊ လယ် (၇၂) ဧကအတွင်း သစ်စိမ်း မြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေး အပ်ပွဲ၊ မျိုးစေ့ကြဲပက်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Dram Seeder) များ ပေးအပ်ပွဲကို မေလ (၁၇) ရက်နေ့ နံနက် (၈)နာရီအချိန်က အဆိုပါကျေးရွာတွင် ကျင်းပသည်။

အဆိုပါ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)မျိုးစေ့ ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ (Dram Seeder) များ ပေးအပ်ပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားပြီး၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်မှ အောက်ကွင်းကျေးရွာရှိ တောင်သူများ ကိုယ်စား တောင်သူ ဦးအောင်ကိုကိုအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များနှင့်တောင်သူ ဦးဇော်ဝင်းအား စပါးမျိုးစေ့ချကိရိယာ (DrumSeeder) များ ပေးအပ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မှော်ဘီကျေးရွာရှိ တောင်သူများကိုယ်စား တောင်သူ ဦးလှိုင်ကြည်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များနှင့်တောင်သူ ဦးအောင်ကြည် အား စပါးမျိုးစေ့ချကိရိယာ(Drum Seeder)များအား ပေးအပ်ကြသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး မိုးမင်းနိုင်က အောင်သာယာကျေးရွာရှိ တောင်သူများကိုယ်စား တောင်သူ ဦးအောင်ဝင်းနှင့်တောင်သူ ဦးဇော်ဝင်းတို့အား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) များ ပေးအပ်ကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် တောင်သူများကိုယ်စား သမိန်ထောကုန်းတန်းကျေးရွာနေ တောင်သူဦးစိုးကြည်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် အောက်ကွင်းကျေးရွာ၊ တောင်သူ ဦးမျိုးသန့်၏ အောက်ကွင်းကြီးမျိုးသန့်ခြံ ကွင်းအမှတ်(၄၃၉-A)၊ ဦးပိုင်အမှတ်(၁၄/၁)၊ လယ်(၇၂)ဧကအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ စုပေါင်းကြဲပက်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)