အိမ်မဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က ရွာသစ်တွင် အဆိုပါကျေးရွာနှင့် အိမ်မဲမြို့နယ်အတွင်ရှိ ကျေးရွာများမှ ပြည်သူများအား မြောင်းမြခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများက လာရောက်စမ်းသပ်စစ်ဆေး ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဇော်မင်းသိုက် ဦးဆောင်၍ သားဖွားမီးယပ်၊ အရိုး၊ ကလေး၊ အထွေထွေ၊ သွား၊ မျက်စိ၊ အရေပြား၊ နား၊ နှာခေါင်း၊ လည်ချောင်းစသည့် အထူးကုဆရာဝန်ကြီးများက ယခုလ (၂၄)ရက်နေ့ တစ်ရက်ထဲသာ ရွာသစ်တိုက်နယ်ဆေးရုံတွင် အခမဲ့လာရောက်ကုသပေး သွားမည်ဖြစ်ပြီး ဆေးဝါးလာရောက် ကုသသူများအနေဖြင့် မိမိတို့သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သားဖွားဆရာမများထံ ကြိုတင်စာရင်းများ ပေးသွင်းနိုင်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲပြန်/ဆက်)