ဖြူး မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးအထွက်နှုန်း သိရှိစေရေးအတွက် ကျီးမနိုကျေးရွာအုပ်စု၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းလီမိတက်ရှိ တောင်သူဦးမောင်ဆန်း၊ ကွင်းအမှတ်(၈၀၅-ခ)၊ ဦးပိုင်(၃၂/၇)နှံကောက်မျိုး(၅.၇၅)ဧကအား ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးအဖွဲ့မှ စံကွက်ရိတ်သိမ်းရာ တစ်ဧက ပျှမ်းမျှအစို တင်း( ၁၂၆.၃၈) ထွက်ရှိကြောင်း သိရသည်။
ထိုသို့စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စိုက်ပျိုးညှိနှိုင်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံ သမဝါယမအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျီးမနိုးကျေးရွာအုပ်စုအတွင်း ကျေးရွာများနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်