ဟင်္သာတ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အင်းဓဝယ်တိုက်နယ်၊ အင်းဓဝယ်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၄၈၄)၊ ဦးပိုင်အမှတ်(၄၇)၊ ဧရိယာ(၂.၀၀)ဧက၊ တောင်သူ ဦးမန်းအောင်ချစ် ပိုင်ဆိုင်သောလယ်မြေ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပိုက်ဆံလျော် သစ်စိမ်းမြေဩဇာကြဲပက်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ မိုးရာသီကာလ၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး၊ မြေဆီဩဇာဖွံ့ဖြိုးတိုးတက်စေရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးတို့အတွက် ပိုက်ဆံလျော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်းကြဲပက်ခြင်းကို ဟင်္သာတခရိုင် စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်ကော်မတီဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ မြို့နယ်စိုက်တိုးမြှင့်ကော်မတီဝင်များ၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ စိုက်ပျိုးရေးဝန်ထမ်းများ၊ တောင်သူများက အဆိုပါလယ်မြေတွင် စုပေါင်းကြဲပက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)