နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့နယ်တွင်ပြုလုပ်သော တောင်သူများအား အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မေ ၁၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ကျုံဝါးစိုက်ပျိုးရေးပညာပေးစခန်းတွင်ပြုလုပ်သည့် တောင်သူများအား အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် မျိုးစေ့ချ ကိရိယာ(Drum Seeder)များ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ‌မြောင်းမြမြို့နယ်၊ ကျုံဝါးစိုက်ပျိုးရေးပညာပေးစခန်းတွင် ပြုလုပ်သည့်  တောင်သူများအား အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲသို့ တက်ရောက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်ဖြစ်သော တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် တောင်သူများအား မျိုးစေ့ချကိရိယာ (Drum Seeder)၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့များ ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများကလည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး စနစ်တကျ စိုက်ပျိုးကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် ကျေးရွာများ အရောက် ကွင်းဆင်း၍ တောင်သူများနှင့်တိုက်ရိုက် ထိတွေ့ကာ စိုက်ပျိုးရေး အသိပညာပေး ခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဧရာဝတီပေါ်ဆန်းတစ်ခေတ်ဆန်းစေရေး၊ အနံ့ အရသာနှင့်ပြည့်စုံပြီး အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းများဖြစ်စေရေး၊ မိမိတို့ဒေသနှင့် ကိုက်ညီသည့် ပေါ်ဆန်းစပါးမျိုးများကို တိုးချဲ့စိုက်ပျိုးသွားကြရမည်ဖြစ်‌ကြောင်း၊ စိုက်ပျိုးရေး သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် တောင်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထား ဆောင်ရွက်ပေးကြစေလိုကြောင်း” မှာကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်စေရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များနှင့် စိုက်ပျိုးရေးသုံးကိရိယာများ ပံ့ပိုးပေးအပ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်း ချောင်းကော၊ မြောင်းကောများ တူးဖော်ခြင်း၊ ရေတံခါးများဆောင်ရွက်ခြင်း၊ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးဆီဖူလုံမှုရှိစေရေး အတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ် အစရှိသည့် ဆီထွက်သီးနှံများကိုလည်း သီးထပ်စိုက်ပျိုးလျက် ရှိပါကြောင်း၊ မြောင်းမြခရိုင်သည် စိုက်ပျိုးမွေးမြူရေး စံပြခရိုင်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ သီးထပ်စွမ်းအား သီးနှံစိုက်စွမ်းအားများ ပိုမိုတိုးတက်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုး‌ရေးသုတေသန ဦးစီးဌာန၊ စိုက်တိုးမြှင့်အဖွဲ့များ၊ သွင်းအားစု အဖွဲ့များ၊ တောင်သူကြီးများ စသည့် supply change တစ်ခုလုံးတွင် ပါဝင်ပတ်သက်သူများအားလုံး  ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း"  ပြောကြားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မြောင်းမြမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုများမှ တောင်သူများအား  ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် အောင်နိုင်တိုး၊ ရေဆင်းပေါ်ဆန်း ၂ စပါးမျိုးများ၊ ပိုက်ဆံလျှော်မျိုးစေ့နှင့် စပါးမျိုးစေ့ချကိရိယာ(Drum Seeder) များ ပေးအပ်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)