လပွတ္တာ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကရင်တိုင်းရင်းသားစာပေသင် (TA/LP) ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုအခမ်းအနားမစတင်မီ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသည့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများကိုရည်စူး၍ ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ၁ မိနစ်ခန့် မတ်တပ်ရပ်၍ ငြိမ်သက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက သင်တန်းဆင်းပွဲ အမှာစကားပြောကြားပြီး သင်တန်းဆင်း ဆရာ၊ ဆရာမ(၁၀၀)ဦးအား သက်ဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းဆရာ၊ ဆရာမများ ကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
၎င်းသင်တန်းကို မေလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိပြီး အခြေခံပညာကျောင်းများတွင် KG တန်းမှ Grade-3 အထိ ထည့်သွင်းသင်ကြားပို့ချသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကရင်တိုင်းရင်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)