ငပုတောမြို့နယ် အလယ်‌ကျွန်းဒေသတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင ့်နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်

ငပုတော မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အလယ်ကျွန်း‌ဒေသ (ပြင်ခရိုင်၊ ချောင်းဝ၊ ဒီးဒူးကုန်း၊သင်္ကန်းကုန်း )ဒေသတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ  ထောက်ပံ့‌ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)‌ဦးသန်းဦးက“အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံတော်မှ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နေရပ်စွန့်ခွာပြည်သူများ၏ သားငယ်၊ သမီးငယ်များနှင့် ကျောင်းနေအရွယ်ကလေးအားလုံး ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်ရေးအတွက် တာဝန်ရှိသူအားလုံးက ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊  မိမိတို့ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ၊  အုပ်ချုပ်ရေးအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများကလည်း လက်တွဲညီညီ ပူး‌ပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း”  အမှာစကားပြောကြားသည်။

ထို့နောက်  အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုန်ပုံငွေမှ‌ ထောက်ပံ့ပေးအပ်သည့် ဆန်နှင့်ထောက်ပံ့ငွေများကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)