ငပုတော မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် (၇) နာရီအချိန်က မြို့မအားကစားကွင်းထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဆရာမကြီး ဒေါ်မိုးမိုးအေးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ (KG) အတန်းမှ (Grade- 12) အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ