မော်လမြိုင်ကျွန်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာရိုင်၊ မော်လမြိုင်ကျွန်ူမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ (အ.လ.က) တောရကျောင်းရှေ့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟု တိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားသည်။
မြန်မာနိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများ တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးနှင့် ပျက်ကွက်မှုမရှိစေရေးအတွက် အကောင်အထည်ဖော်ရာတွင် အသက် (၃)နှစ်မှစ၍ မူကြိုထားရှိနိုင်ရေးနှင့် အသက်(၅)နှစ်မှစ၍ အခြေခံပညာကျောင်းများသို့ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းစည်းရုံး ဆောင်ရွက်ခြင်းများ၊ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့နောက် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမင်းမင်းသိန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေး စောင့် ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များနှင့်ပညာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ဆိုင်းဘုတ်အား အမွှေးနံ့သာရည် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်