မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်တွင် လာရောက်လည်ပတ်သူများဖြင့်စည်ကား

မင်းဘူး မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ နယ်လှည့်ဈေးရောင်းချသူများအဖွဲ့က ဦးဆောင်ကျင်းပသည့် စုပေါင်းဈေးရောင်းပွဲတော်ကို မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ရုံးဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နေ့ညပိုင်းက လာရောက်လည်ပတ်သူများဖြင့် အထူးစည်ကားခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ စုပေါင်းဈေးရောင်းပွဲတော်တွင် အင်္ကျီ၊ အဝတ်အထည်၊ ဦးထုပ်၊ ဖိနပ်စသည့်လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ မီးဖိုချောင်နှင့် အိမ်သုံးပစ္စည်းအမျိုးမျိုး၊ ကလေးကစားစရာ အရုပ်ပစ္စည်းအမျိုးမျိုးနှင့် လက်ဆောင်ပစ္စည်းအမျိုးမျိုးအပြင်၊ စားသောက်ဆိုင်တန်းများ၊ အညာဒေသရိုးရာမုန့်မျိုးစုံဆိုင်တန်းများ၊ ကလေးကစားကွင်းများနှင့် အပျော်တမ်းဂိမ်းကစားနည်းများလည်းပါဝင်ကာ ဆယ့်နှစ်လရာသီ နယ်လှည့်ဈေးရောင်းချသည့်ဈေးသည်များ အဆင်ပြေစေရန် လာရောက်ရောင်းချခွင့်ပြုပေးခဲ့ကြောင်း၊ အဆိုပါ ဈေးရောင်းပွဲတော်ကို ၂၀၂၅ ခုနှစ်၊ မေလ ၁၁ ရက်မှ ၁၇ ရက်နေ့အထိ (၈)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဈေးရောင်ပွဲတော်ကျင်းပစဉ်ကာလ ရပ်နီး၊ ရပ်ဝေးမှ လာရောက်လည်ပတ်သူများဖြင့် အထူးစည်းကားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(ပြန်/ဆက်)