ဒေါပုံ မေ ၁၇
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းသည် ယမန်နေ့ နံနက် ၆ နာရီအချိန်က ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျောင်းပရဝဏ်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများ၊ ကျောင်းခန်းများအတွင်း စာသင်ခုံများခင်းကျင်းမှုနှင့် အလင်းရောင်ရရှိရေး ဆောင်ရွက်ထားရှိမှုများ၊ စာသင်ခန်းများလုံလောက်မှု အခြေအနေနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်စစ်ဆေးကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့်တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)