ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ရန်ကုန် မေ ၁၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက အမျိုးသားကဇာတ်ရုံ(ရန်ကုန်)၌ ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေး ဘက်စုံ အထောက်အကူပြုအဖွဲ့(MORS)နှင့် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)တို့၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီး အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။

ထို့နောက်ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။

ယင်းနောက် ဒဂုံမြို့နယ်၊ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ယာဉ်စည်းကမ်းပညာပေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

၎င်းနောက် ဗိုလ်တထောင်မြို့နယ်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ယာဉ်စည်းကမ်းပညာပေးသီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဌ၊ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီဥက္ကဋ္ဌ ဗိုလ်မှူးကြီးဝင်းတင့်က ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ နိုင်ငံကျော်တေးသံရှင် ရွှေရည်သိန်းတန်နှင့် ဖိုးသောကြာတို့က တေးသီးချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး MOU လက်မှတ်ရေးထိုးရာတွင် နာယကအဖြစ် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ဆောင်ရွက်ပြီး MORS ဥက္ကဋ္ဌနှင့် MAMDA ဥက္ကဋ္ဌတို့က MOU လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းက အလှူငွေများ ပေးအပ်ရာ MORS ဥက္ကဌ ဦးလျန်ကျင့်မန်က လက်ခံရယူခဲ့ ပြီး အလှူရှင်များအား MORS ဥက္ကဋ္ဌ ဦးလျန်ကျင့်မန်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြ သည်။

ယင်းနောက် ပထမနှင့်ဒုတိယဆုရ သုတေသနစာတမ်းရှင်များအား ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းကလည်းကောင်း၊ တတိယနှင့်အထူးဆုရ သုတေသနစာတမ်းရှင်များအား ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ပညာပေးရေးနှင့် စစ်ဆေး အရေးယူရေးဆပ်ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဝင်းတင့်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

၎င်းနောက် ပထမဆုရ သုတေသနစာတမ်းရှင် မောင်ကောင်းဇော်က ဘေးအန္တရာယ်ကင်းရှင်းစေသည့် လမ်းများစီမံဆောင်ရွက်ခြင်းနှင့် ဒီဇိုင်းရေးဆွဲခြင်းစာတမ်းအား ရှင်းလင်းတင်ပြပြီး QR စနစ်ဖြင့် ယာဉ်စည်းကမ်းမေးခွန်း(၅၀)ဖြေကြားသူများအနက် အမှတ်အများဆုံး ဖြေဆိုသူများအား ပထမ၊ ဒုတိယ၊တတိယနှင့် အထူးဆုရရှိသူများအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုဖွင့်ပွဲ အခမ်းအနားတွင် ယာဉ်အန္တရယ်၊ လမ်းအန္တရာယ်ရှင်းကင်းရေး အသိပညာပေး ပြသထားသည့် ပြခန်းများနှင့် EV ကား ပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြပြီး အဆိုပါယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအား မေလ (၂၃)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)