မော်လမြိုင်ကျွန်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ရေယာဥ်များအား ယမန်နေ့မွန်းလွဲ (၁၂) နာရီအချိန်က တုံးလှဲချောင်းမြစ်အတွင်းရှိ ရေယာဥ်အမည် MV အာသာဝတီနှင့် MV ရတနာမယ်တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဇော်၊ မြို့နယ် အခွန်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုလှိုင်၊ မော်တော်ရေယာဥ်အသင်းဥက္ကဋ္ဌနှင့် မြို့နယ်စားသုံးရေးရာဦးစီးဌာန ဦးစီးမှူး ဦးမင်းဇော်လတ်တို့က မော်လမြိုင်ကျွန်းမြို့နယ်မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်သို့ထွက်ခွာမည်ဖြစ်သော MV အာသာဝတီ ရေယာဥ်တွင် မော်လမြိုင်ကျွန်းမြို့နယ် ဆန်စက်များမှ စူပါဆန် (၆၂၀၀) အိတ်၊ ကောက်ညှင်းဆန် (၄၀၀) အိတ်၊ ပေါ်ဆန်းဆန် (၄၀၀) အိတ် စုစုပေါင်း (၇၀၀၀) အိတ်၊ MV ရတနာမယ် ရေယာဥ်တွင် စူပါဆန် (၉၀၀၀)၊ ကောက်ညှင်းဆန် (၅၀၀)အိတ် နှင့် ပေါ်ဆန်းဆန် (၅၀၀) အိတ် စုစုပေါင်း (၁၀၀၀၀) အိတ်တို့အား စနစ်တကျတင်ဆောင်ထားရှိပြီး တရားမဝင်သော ပစ္စည်းများတင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လိုင်စင်များ ဆောင်ထားခြင်းရှိ/ မရှိ၊ ရေယာဥ်လုပ်သားများ နိုင်ငံသားမှတ်ပုံတင်များကိုင် ဆောင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို MV အာသဝတီရေယာဥ်နှင့် MV ရတနာမယ်တို့၏ တာဝန်ခံအား မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြိုနယ် မ.စ.က ဥက္ကဋ္ဌ ဦးကျော်မောင်မောင်နှင့်တွေ့ဆုံကာ မော်တော်ယာဥ်များ စနစ်တကျပြေးဆွဲနိုင်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများအား ပြေးဆွဲသူများသိရှိစေရန်နှင့် မော်တော်ယာဥ်ပေါ်မှ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးစသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
ရဲကိုမောင်