လှည်းကူးမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနား ကျင်းပ

လှည်းကူး မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှည်းကူးမြို့နယ် ရန်ကုန်-ပဲခူးလမ်းမကြီးပေါ်ရှိ တာဆုံမီးပွိင့် ပြည်သူ့ဆေးရုံကြီးရှေ့၊ ပညာရေးမှူးရုံးရှေ့နှင့် ပန်းခြံရှေ့တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခြင်းဖြစ်ပြီး အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူရာတွင်လည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာများကို စိုက်ထူခဲ့ကြကြောင်း သိရသည်။

မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၂)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ (၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)