သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

သရက် မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သွေးလွန်းတုပ်ကွေးရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉)နာရီက အနောက်ရပ်တောင်ပိုင်း ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူလူထုများပူးပေါင်း၍ ခြင်မှတဆင့်ကူးစက်တက်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လမ်းနှိမ်နင်းရေးဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ မသွန်နိုင် မလှယ်နိုင်သော ရေကန်များ၊ ကျောက်စည်များအတွင်း အဘိတ်ဆေးခတ်ပေးခြင်းများ၊ ကျန်းမာရေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပန်းအိုးများကို သုံးရက်တစ်ကြိမ် ရေလဲပေးရန် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

 ဇော်ထက်(သရက်)