မြောင်းမြ မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် မြောင်းမြမြို့၊ မြကန်သာအပြင်ပတ်လမ်း (စိုက်သိပ္ပံလမ်း) ကွန်ကရိလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၃၀) နာရီအချိန်က တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးတို့က ကွန်ကရိလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရိလမ်းသစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ပြင်ထိန်းလုပ်ငန်းအနေဖြင့် ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်း (၁၁၇၂) ပေအားလည်းကောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ကွန်ကရိလမ်းခင်းခြင်းလုပ်ငန်း (၂၀၀) ပေအားလည်းကောင်း၊ စည်ပင်သာယာရေးရန်ပုံငွေဖြင့် (၂၀၀) ပေအားလည်းကောင်း၊ ပြည်သူလူထုထည့်ဝင်ငွေဖြင့် (၁၆၀) ပေးအားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအထွေထွေပိုလျှံငွေ (GRF) ဖြင့် သော်ဇင်သန့်ကုမ္ပဏီမှ အတိုင်းအတာ (၄၃၀၀) ပေအား မတ်လ (၁၁) ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး (၂၃) ရက်နေ့တွင် လုပ်ငန်းအားလုံးပြီးစီးခဲ့သည်။ ဆောင်ရွက်ရန်ကျန်ရှိသည့် အတိုင်းအတာ (၁၉၈၄) ပေအနက်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် အတိုင်းအတာ (၄၁၅) ပေအား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)