မြောင်းမြမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူ

မြောင်းမြ   မေ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက် (၁၁း၀၀) နာရီအချိန်က မြို့မအားကစားကွင်းထောင့်၌ စိုက်ထူခဲ့ကြောင်းသိရသည်။

 အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြောင်းမြမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုကို၊ မြို့နယ်ပညာရေးမှူးဆရာကြီး ဦးမြင့်အောင်နှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ (၂၂) ရက်နေ့မှ ဇွန်လ (၁) ရက်နေ့အထိ (KG) အတန်းမှ (Grade- 12) အထိ ကျောင်းအပ် လက်ခံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဇေယျာ (မြောင်းမြ)