ဓနုဖြူ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် နာရီစင်လမ်းဒေါင့်တွင်စိုက်ထူခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အဖွဲ့ဝင်(၃)ဦးဝင်းထူးနှင့် အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဦးလှဌေးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ မများက စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။ ဓနုဖြူမြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade- 12)အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)