သာပေါင်းမြို့နယ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ်မှတ်ချက်နှင့်အညီထုပ်ပိုးခြင်း ကျန်းမာရေးအသိပညာပေး

သာပေါင်း မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ စံသတ်မှတ်ချက်နှင့်အညီထုပ်ပိုးခြင်း ကျန်းမာရေးအသိပညာပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ပူးပေါင်းအဖွဲ့တို့က ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

သာပေါင်းမြို့နယ်အတွင်းရှိ စျေးဆိုင်များအား ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်နှင့်အညီထုပ်ပိုးခြင်း ကျန်းမာရေးအသိပညာပေးခြင်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်၊ ရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)