အင်္ဂပူ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မြို့နယ်ပညာရေးမှူးရုံး ရှေ့တွင်ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျောင်းအပ်နှံရေးမြေစိုက်ဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ အဆိုပါဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုခိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အသင်းဝင်များ တက်ရောက်ခဲ့သည်။
ကျောင်းအပ်နှံရေးသီတင်းပတ်၏ ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မ ပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို” ဖြစ်ပြီးကျောင်းအပ်နှံရေးသီတင်းပတ်မှာ ၂၀၂၅ ခုနှစ် မေလ (၂၂)ရက်နေ့မှ ဇွန်လ (၁) ရက်နေ့ထိဖြစ်ကြောင်းမြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မန်းကျော်(ပြန်/ဆက်)