ပန်းတနော် မေ ၁၆
ပန်းတနော်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ကြားနိုင်စေရန်နှင့် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေအတွက် ပန်းတနော်မြို့နယ်၏ လူစည်ကားရာနေရာဖြစ်သည့် အလယ်ပိုင်းရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံတွင် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်အား ယနေ့နံနက် ၇ နာရီက စိုက်ထူခဲ့ကြသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်တင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)