သာပေါင်း မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မီးခိုးမြူလျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
မီးခိုးမြူလျော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲကို ပုသိမ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်သန္တာဦးမှ မီးခိုးမြူငွေ့အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုပြဿနာများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုတွင် ပါဝင်သောအမျိုးအစားများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသောရောဂါများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု၏ ဆိုးကျိုးသက်ရောက်မှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျော့ချရန်နည်းလမ်းများ ခေါင်းစဉ်များဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဟောပြောပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး
သာပေါင်း (ပြန်/ဆက်)