မြန်အောင် မေ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် "ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့တွင် စိုက်ထူခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာအား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုး၊ ခရိုင်ပညာရေးမှူး ဦမြင့်အောင်၊ မြို့နယ်ပညာရေးမှူးနှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက စိုက်ထူခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့နယ်တွင် (၂၀၂၅- ၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ (KG) အတန်းမှ (Grade- 12)အထိ ကျောင်းအပ်လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြန်အောင်(ပြန်/ဆက်)