အင်္ဂပူမြို့တွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

အင်္ဂပူ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ အ-ထ-က (ကွင်းကောက် (မြောက်)နှင့် မြတ်ဓမ္မရောင်ခြည်သာသနာ့ဗိမာန်တို့တွင် ယမန်နေ့နေ့လည်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ရောက်ရှိနေသည့် နေရပ်စွန့်ခွာ ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများနှင့် ဆန်များပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က ထောက်ပံ့‌‌ငွေများ‌ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ‌နှင့် ဆန်များအား နေရပ်စွန့်ခွာပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နေရပ်စွန့်ခွာ ပြည်သူများတက်ရောက်ခဲ့ပြီး နေရပ်စွန့်ခွာ ပြည်သူများတစ်ဦးလျှင် ထောက်ပံ့ချီးမြှင့်ငွေကျပ် (၄၀၀၀၀)နှုန်း၊ လူတစ်ဦးလျင်ဆန်(၁)ပြည်နှုန်းဖြင့် လူဦးရေ(၄၉၄)ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)