အမာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၂၀၂၄- ၂၀၂၅) ပညာသင်နှစ်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

အမာ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်း‌ ကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် (၆) နာရီက စတင်၍ ထုတ်ပြန်ထားရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ထားရှိရာ KG မှ Grade-11 (ဧကဒဿမတန်း) အထိ အောင်စာရင်းများကို ထုတ်ပြန်ထားခြင်းဖြစ်ပြီး အမာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ‌ကျောင်းအသီးသီးရှိ ကြော်ငြာသင်ပုန်းများတွင်လည်း အောင်စာရင်းများ ထုတ်ပြန်ထားရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ လာရောက်ကြည့်ရှု လျက်ရှိကြောင်း သိရသည်။

အမာ(ပြန်/ဆက်)