ဆိပ်ဖြူ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်နှိမ်နင်းရေးလုပ်ငန်း အသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းတို့ကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များ၌ ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ထက်အောင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူကျန်မာရေးဦးစီးဌာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအဖွဲ့များပူးပေါင်း၍ ခြင်းကိုက်ခြင်းကြောင့်ဖြစ်ပွားပြီး အသက်အန္တရာယ်ဆုံးရှုံးခြင်းထိဖြစ်ပေါ်နိုင်သည့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှု ကာကွယ် နိုင်ရေးအတွက် ခြင်ပေါက်ဖွားမှုနှိမ်နင်နိုင်ရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးများကို သောက်သုံးရေကန်များနှင့် ရေသိုလှောင်ကန်များအတွင်း ထည့်ခပ်ပေးခြင်းကို ဆောင်ရွက်ပေးသည်။ ထို့နောက် နေအိမ်များအတွင်း ခြင်ခိုအောင်နိုင်သော နေရာများနှင့် ခြင်ပေါက်ဖွားမရှိရန်၊ အမှိုက်သရိုက်၊ အိုခွက်၊ တာယာဟောင်းများ စနစ်တကျစွန့်ပြစ်ထားရှိရန်၊ ရေမြောင်းများ ရေဝပ်ကျင်းများမရှိရေးတို့ကို အသိပညာပေးရှင်းလင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)