ပခုက္ကူ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားလာစေရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန်းယုမော်က ဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်နှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ကိုင်ဆောင်ရွက်တတ်စေရန်နှင့် ဌာနလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေ(စာကြည့်တိုက်မှူး)နှင့် ဒေါ်ချိုချိုဝင်း(တွဲဖက်)တို့က ဦးစီးဌာနမှ ၂၀၂၄ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သော အမိန့်နှင့်ညွှန်ကြားချက်များအကြောင်း ရှင်းလင်းဆွေးနွေးကြရာ ခရိုင်ရုံးရှိဝန်ထမ်းများနှင့် တွဲဖက်ဝန်ထမ်းများက ရုံးစာများနှင့် စာကြည့်တိုက်ရှိ စာအုပ်စာစောင်များ စနစ်တကျထိန်းသိမ်းခြင်း၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)