မင်းဘူးမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အသိပညာ‌ပေး ဟောပြောခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်

မင်းဘူး မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်းလှည့်လည်၍ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ မင်းဘူးမြို့ အမှတ် (၁) ရပ်ကွက် သိမ်ကုန်းဓမ္မာရုံတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်နုနုရီက ရပ်ကွက်အတွင်းမှ ဒေသခံပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါသည် ခြင်ကြောင့် ဖြစ်ပွားပြီး၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ရေကန်၊ ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများ၊ ဘုရားပန်းအိုးများအား အဖုံးအုပ်ခြင်း၊ ရေစစ်ခြင်း၊ ရေများလဲလှယ်ပေးရခြင်းစသော အသိပညာပေး ဟောပြောကာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ပိုးလောက်လန်းနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များ၊ ရေတိုင်ကီများထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းများ ပြုလုပ်ပေးပြီး သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)