ဟင်္သာတမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကျင်းပ

ဟင်္သာတ  မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာ (ဗီနိုင်း)စိုက်ထူပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဟင်္သာတမြို့ ဥယျာဉ်မြောက်ရပ်ကွက်ရှိ ဟင်္သာရုပ်အဝိုင်းအနီး အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဆရာကြီး ဦးတိုးဝင်းနှင့်တာဝန်ရှိသူများက ကျောင်းအပ်နှံရေးဆိုင်ရာ မြေစိုက်ပိုစတာအား အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)